နှစ်(၇၀)မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

  ဧရာဝတီတိုင်းဒေသကြီး၊ ၂၉.၆.၂၀၁၇
    (၂၉.၆.၂၀၁၇)ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၊ ပုသိမ်မြို့၊ ပုသိမ်မူလတန်းကြိုကျောင်းစုဝေးခန်းမ၌ နှစ်(၇၀)မြောက် အာဇာ နည်နေ့အထိမ်းအမှတ် လှုပ်ရှားမှုများဆောင်ရွက်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြု လုပ်ခဲ့ပါသည်။
    အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများ၊ ဌာနငယ် / သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ပရဟိတဂေဟာများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၏ နှစ်(၇၀)မြောက် အာဇာနည် နေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter