လူကုန်ကူးခံရသူ (၂)ဦးအား နောက်ဆက်တွဲစောင့်ရှောက်မှုပြုလုပ်ခြင်း

နေပြည်တော် ၁၁.၇.၂၀၁၇

              (၇.၇.၂၀၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်မြို့နယ်၊ ဂျင်ခါးကုန်း ကျေးရွာနေ ထိုင်းနိုင်ငံသို့လူကုန်ကူးခံရသူ ဦးဝင်းလှိုင် နှင့်ဦးသိန်းလှိုင်တို့(၂)ဦးအား နောက်ဆက်တွဲ စောင့်ရှောက်မှုအနေဖြင့်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမ ှ(ဒုဦးစီး)  ဒေါ်တင်တင်မြင့် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ လယ်ယာမြေနှင့်ဆက်စပပစ္စည်းများ လိုက်လံ၍ ဝယ်ယူပေးအပ်ခဲ့ပါသည်။

FacebookTwitter