ရိပ်သာအခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း
မြန်မာနိုင်ငံသည် မိသားစု စုပေါင်း နေထိုင်သည့် စနစ်ကို ရှေးနှစ်ပေါင်း များစွာကတည်းက လိုက်နာ ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ဘိုးဘွားရိပ်သာ ထူထောင်ပြီး ခိုကိုးရာမဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းကို ၁၉၁၅ခုနှစ်တွင် ပိုးကုန်သည် ဒေါ်ဦးဇွန်းမှ စစ်ကိုင်းမြို့တွင် မင်းကွန်း ဘိုးဘွားရိပ်သာ စတင် တည်ထောင်ပြီး ဆောင်ရွက် ခဲ့ပါသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော ဘိုးဘွားရိပ်သာ ပေါင်း (၇၀)ကျော် ရှိပြီး ဘိုးဘွားပေါင်း (၃၀၀၀)ကျော်ကို စောင့်ရှောက် ပေးလျှက် ရှိပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အသိအမှတ် ပြုရန် တင်ပြလာသော ဘိုးဘွား ရိပ်သာများကို စိစစ်၍ အသိအမှတ်ပြုကာ အဆင့်(၃)ဆင့် ခွဲ၍ အောက်ပါအတိုင်း နှစ်စဉ် ထောက်ပံ့ ပေးလျက်ရှိပါသည် -
ပထမအဆင့် ဆန်ဘိုးငွေ = ၁၁၂၅၀ိ/-
(လူတစ်ဦးတစ်နှစ်)
ဒုတိယအဆင့် ဆန်ဘိုးငွေ = ၁၁၂၅၀ိ/-
စားစရိတ် = ၁၈၂၅၀ိ/-
ဝတ်စရိတ် = ၅၀၀၀ိ/-
တတိယအဆင့် ဆန်ဘိုးငွေ = ၁၁၂၅၀ိ/-
စားစရိတ် = ၁၈၂၅၀ိ/-
ဝတ်စရိတ် = ၅၀၀၀ိ/-
ဂေဟာမှူးလစာ = ၁၈၀၀၀၀ိ/-
သာမန် အားဖြင့် ဘိုးဘွား ရိပ်သာများတွင် အသက် ၆၀ နှစ်အထက် ခိုကိုးရာမဲ့ သက်ကြီး ရယ်အိုများကို လူမျိုး/ ဘာသာမရွေး လက်ခံ စောင့်ရှောက် ပေးပြီး ၄င်းတို့၏ စားဝတ် နေရေး၊ ကျန်းမာရေး စသည့် ကိစ္စ ရပ်များ ဆောင်ရွက် ပေးနိုင်ရန် ရိပ်သာ ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်း ထားရှိပြီး ရိပ်သာ ရေရှည် ရပ်တည် နိုင်ရေးအတွက် ဆောင်ရွက် ပေးလျက် ရှိပါသည်။ လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ် ပြုပြီး ဘိုးဘွား ရိပ်သာ (၅၈)ခု ရှိပါသည်။ ၄င်းတို့မှာ-
(က) ကချင် (၁)
( ခ) ကယား (၂)
( ဂ) ချင်း (၁)
(ဃ) စစ်ကိုင်း (၂)
( င) တနင်္သာရီ (၂)
( စ) ပဲခူး (၉)
(ဆ) မကွေး (၅)
( ဇ) မန္တလေး (၉)
( ဈ) မွန် (၃)
(ည) ရခိုင် (၂)
( ဋ) ရန်ကုန် (၁၁)
( ဌ) ရှမ်း (၄)
( ဍ) ဧရာဝတီ (၆)
( ဎ) နေပြည်တော် (၁) တို့ဖြစ်ပါသည်။
ထို့အပြင် ဘိုးဘွား ရိပ်သာများရှိ သက်ကြီး ရွယ်အိုများကို နည်းစနစ် မှန်ကန်စွာ ပြုစုစောင့် ရှောက်နိုင်ရန် “စေတနာ့ ဝန်ထမ်း သက်ကြီး ရွယ်အို စောင့်ရှောက်ရေး သင်တန်း” ကို ရန်ကုန်မြို့၊ လူမှုဝန်ထမ်း အတတ်သင် သိပံ္ပကျောင်း၌ နိုင်ငံတော် ဘတ်ဂျက်ဖြင့် သင်တန်း ပို့ချပေးလျှက် ရှိပါ သည်။ အဆိုပါ သင်တန်းသို့ ပြည်နယ်/ တိုင်းဒေသကြီးများရှိ ဘိုးဘွား ရိပ်သာများတွင် တာဝန်ထမ်းဆောင်လျှက် ရှိသော ပြုစုစောင့်ရှာက် သူများ၊ ဂေဟာမှူးများ၊ စေတနာ့ ဝန်ထမ်းသမားများ တက်ရောက် ကြပါသည်။