နှစ်(၇၀) မြောက် အာဇာနည်နေ့ အကြိုလှုပ်ရှားမှု အဖြစ် မူလတန်းကြိုကျောင်းများမှ သီချင်း၊ ကဗျာ၊ ပုံပြင်၊ ပန်းချီ ပြိုင်ပွဲများ ကျင်းပခြင်း
ပဲခူး ၊ဇူလိုင်၁၈
နှစ်(၇၀) မြောက် အာဇာနည်နေ့ အကြိုလှုပ်ရှားမှု အဖြစ် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ကွပ်ကဲမှု အောက်ရှိ ပဲခူးမြို့၊ အမှတ်(၁/၂)မူလတန်းကြိုကျောင်းများမှ ကလေးများ၏ သီချင်း၊ ကဗျာ၊ ပုံပြင်၊ ပန်းချီ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား (၁၈.၇.၂၀၁၇) ရက်နေ၊ နံနက်(၀၉:၀၀) နာရီချိန်တွင် ပဲခူးမြို့၊ သီရိဟံသာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ကလေးများအား ဆုချီးမြှင့်ပေး ခဲ့ပါသည်။