နှစ်(၇ဝ)ပြည့်အာဇာနည်နေ့အကြိုလှုပ်ရှားမှု ဖျာပုံခရိုင်မူလတန်းကြိုကျောင်းပေါင်းစုံ ဥာဏစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း
ဖျာပုံခရိုင်၊ဇူလိုင်၂၀
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှဦးစီး၍(၁၈.၇.၂ဝ၁၇)ရက်နေ့(၁ဝးဝဝ)နာရီတွင် ဖျာပုံမြို့နယ်
အတွင်းရှိမူလတန်းကြိုကျောင်းများမှကလေး(၂၇)ဦးအားနှစ်(၇ဝ)ပြည့်အာဇာနည်နေ့အကြိုလှုပ်ရှားမှုကိုကလေးများ
မျိုးချစ်စိတ်ဓါတ်နှင့်နိုင်ငံချစ်စိတ်ဓါတ်ထက်သန်စေရန်၊အာဇာနည်ခေါင်းဆောင်ကြီးများ၏နိုင်ငံနှင့်လူမျိုးအပေါ်ထား
ရှိသည့်အာဇာနည်စိတ်ဓါတ်ကိုလေးစားအတုယူတတ်စေရန်နှင့်ကလေးများ၏ ဘက်စုံဖွံ့ဖြိုးမှုအား အထောက်အကူ
ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် မူလတန်းကြို ကျောင်းပေါင်းစုံ ပုံပြင်၊ ကဗျာ၊ ပန်းချီ(ဆေးရောင်ခြယ်)ပြိုင်ပွဲကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ဖျာပုံမူလတန်းကြိုကျောင်း၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ပြိုင်ပွဲတစ်ခုချင်းစီ
အတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၆)ဆု တို့ကို ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ ပြိုင်ပွဲဝင်ကလေးငယ်များ၊ ဖိတ်ကြား
ထားသော ဧည့်သည်တော်များ၊ ဆရာ၊ဆရာမ စုစုပေါင်း(၁၄ဝ)ဦး တက်ရောက်ခဲ့ကြပါသည်။