သက်ကြီးရွယ်အိုအမျိုးသားမူဝါဒဆိုင်ရာ ဒေသတွင်းညီလာခံ (Regional Forum on Policies on Ageing) ကျင်းပခြင်း
နေပြည်တော်ဇူလိုင်၂၀
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့တွင် နေပြည်တော်၊ Park Royal Hotel ၌ သက်ကြီးရွယ်အို အမျိုးသားမူဝါဒဆိုင်ရာ ဒေသတွင်းညီလာခံ(Regional Forum on Policies on Ageing)ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားသို့အာရှဒေသတွင်းနိုင်ငံများမှကိုယ်စားလှယ်များ၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အို ဆိုင်ရာကော်မတီဝင်များ၊ သက်ကြီးမူဝါဒရေးဆွဲရေးဆိုင်ရာ ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက် ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
မှ အဖွင့်အမှာစကားပြောကြားရာတွင် နောင်အနာဂတ်တွင် တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင်
(Madrid International Plan of Action on Ageing -MIPAA)နှင့်သက်ကြီးရွယ်အိုများရဲ့ဘဝဖွံ့ဖြိုးတိုးတက်ရေး၊သက်ကြီးရွယ်အိုများ၏အကျိုးစီးပွားနှင့် ကျန်းမာရေးအဆင့်
အတန်းမြင့်မားရေး၊ သက်ကြီးရွယ်အို များအတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာရေးတို့ကို အလေးထား ဆွေးနွေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ပြဌာန်းနိုင်ခဲ့ ပြီး သက်ကြီးမူဝါဒကို ဆက်လက်ရေးဆွဲ ဆောင်ရွက်နေတဲ့ ကာလလည်းဖြစ်ပါကြောင်း၊ ယခု ညီလာခံတွင် အာရှဒေသတွင်းနိုင်ငံများ၏ သက်ကြီးမူဝါဒရေးဆွဲထားရှိမှု၊ သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေများ၊ အတွေ့အကြုံများကို ဖလှယ်နိုင်မှာ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ရလဒ်များလည်း ပေါ်ထွက်လာမယ်လို့လည်း အထူးမျှော်လင့်ပါကြောင်း ပြောကြား
ခဲ့ပါသည်။ ဆက်လက်၍ Ms.Janet Jackson, Representative (UNFPA), Mr.Godfred Paul, Country Director(HAI-Myanmar) တို့မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊Mr.EduaruoKlien,RegionalDirector(HAI) နှင့် ဒေါက်တာစန်းစန်းအေး၊ခေတ္တညွှန်ကြားရေးမှူးချုပ်၊
လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဒေသအလိုက်သက်ကြီးရွယ်အိုများဆိုင်ရာမူဝါဒများ ဆောင်ရွက်ထားရှိမှု ကို အသီးသီးဆွေးနွေးတင်ပြကြပါသည်။
အဆိုပါ သက်ကြီးရွယ်အိုအမျိုးသားမူဝါဒဆိုင်ရာ ဒေသတွင်းညီလာခံ (Regional Forum on Policies on Ageing)ကို၂၀၁၇ခုနှစ်၊ဇူလိုင်လ(၂၀-၂၁)ရက်နေ့များတွင် Park Royal Hotel ၌ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။