နှစ်(၇ဝ)ပြည့်အာဇာနည်နေ့အခမ်းအနားကျင်းပခြင်း

မန္တလေး၊ဇူလိုင်၂၁

 

              လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး လက်အောက်ရှိ ဌာနငယ်၊သင်တန်း

ကျောင်းများ၊မူလတန်းကြိုကျောင်းများ၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊INGOs,NGOsအဖွဲ့အစည်းများ၏ နှစ်(၇ဝ) ပြည့်အာဇာနည်နေ့ အခမ်းအနားကို  (၁၉.၇.၂ဝ၁၇)

ရက်နေ့၊ နေ့လည်(၁၃းဝဝ) နာရီအချိန်တွင် မန္တလေးမြို့၊ပညာရေးကောလိပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဝန်ကြီးဌာန၊ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ စာစီစာကုံးပြိုင်ပွဲ၊ ကျဘမ်းစကားပြောပြိုင်ပွဲများမှ ဆုရကလေးငယ်

များအားဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။   အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဝန်ကြီးချုပ်၏  ဇနီး ဒေါက်တာယုယုမေနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊  INGOs,NGOsအဖွဲ့အစည်းများ၊  စုစုပေါင်းအင်အား

(၆ဝဝ)ဦး တက်ရောက်ခဲ့ပါသည်။

 

FacebookTwitter

နောက်ဆုံးရသတင်းများ