ရာသီတုပ်ကွေးရောဂါ(H1N1)အသိပညာပေးဟောပြောပွဲကျင်းပခြင်း
တနင်္သာရီတိုင်းဒေသကြီး ၊ ဇူလိုင်၃၁
တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးလက်အောက်ရှိ ၊ထားဝယ်မူလတန်းကြိုကျောင်းခန်းမတွင် မူကြိုဆရာမများနှင့်မိဘများအား ရာသီတုပ်ကွေးရာဂါ(H1N1) အကြောင်း အသိပညာပေး ဟောပြောပွဲ အား (၃၁.၇.၂၀၁၇)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးမှူးမှအဖွင့်အမှာစကားပြောကြားခြင်း၊တိုင်းဒေသကြီးပြန်/ဆက်ဦးစီးမှူးမှကြက်၊ငှက်
တုပ်ကွေးသိကောင်းစရာအသိပညာပေးဟောပြောခြင်း၊တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူးကိုယ်စားDrထွေးမြစိုးမှ
ရာသီတုပ်ကွေးရောဂါ(H1N1) အကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုနောက်လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပါသည်။