ရာသီတုပ်ကွေး Seasonal Influenza A(H1N1) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် Face Mask ဖြန့်ဝေခြင်း အခမ်းအနား ကျင်းပခြင်း
ပဲခူးတိုင်းဒေသကြီး၊ သြဂုတ်၁
ပဲခူးမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ရာသီတုပ်ကွေး Seasonal Influenza A(H1N1)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် Face Mask ဖြန့်ဝေခြင်း အခမ်းအနားကို(၁.၈.၂၀၁၇) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းသားနှင့် ကျောင်းသားမိဘများ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ပဲခူးမြို့နယ် ကျောင်းကျန်းမာရေးဌာန၊ ဒေါက်တာဥမ္မာကျော်မှ ရာသီတုပ်ကွေး(H1N1)ရောဂါ ကြိုတင်ကာကွယ် ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သူနာပြုဆရာမများမှ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လက်ဆေးခြင်းကို ကလေးများအား လက်တွေ့သရုပ်ပြပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် Face Mask များအား ကလေးများသို့ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။