ရာသီတုပ်ကွေးရောဂါ(H1N1)ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ Face Masks နှင့်လက်ဆေးဆပ်ပြာများ ပေးအပ်ခြင်းအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ သြဂုတ် ၎
(၃.၈.၂၀၁၇)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင်ပုသိမ်ကလေးပြုစုရေးဌာန၊စုဝေးခန်းမနှင့်မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွှင် ပုသိမ်မြို့မူလတန်းကြိုကျောင်း၊စုဝေးခန်းမ တို့၌ ရာသီတုပ်ကွေးရောဂါ (H1N1)ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို
ဧရာဝတီ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကလေးမိဘများတက်ရောက်ခဲ့ကြပြီး ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါတ်တာ အေးမြင့်သူက ရာသီတုပ်ကွေးရောဂါ(H1N1)နှင့် ပတ်သက်၍ကြိုတင်
ကာကွယ်ခြင်း လုပ်ငန်း၊ ကုသခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သူနာပြုဆရာမများမှ လက်ဆေးခြင်းတို့ကို လက်တွေ့သရုပ်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများအား Face Masks နှင့် လက်ဆေးဆပ်ပြာများပေးအပ်ခဲ့ပါသည်။