ရာသီတုပ်ကွေးရောဂါ(H1N1)ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ သြဂုတ် ၎
(၃.၈.၂၀၁၇)ရက်နေ့တွင် ဖျာပုံမြို့နယ် ၊ကျုံကဒွန်းကျေးရွာ မူလတန်းကြိုကျောင်း၌ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ
လက်ထောက်ညွန်ကြားရေးမှူး/ဝန်ထမ်းများနှင့်တိုက်နယ်ဆရာဝန်ဒေါက်တာကျော်မျိုးသူ/ကျေးလက်ကျန်းမာရေးဌာနမှ
သူနာပြုဆရာမများ ပူးပေါင်း၍ H1N1ကြိုတင်ကာကွယ်ရေးနှင့်အသိပညာပေးဆွေးနွေးခြင်းကို ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။ အခမ်းအနားသို့ကလေးမိဘများ/ဆရာ/ဆရာမများ /အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြပါသည်။