အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် လှူဒါန်းငွေများကို စနစ်တကျထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

နေပြည်တော်၊ စက်တင်ဘာ၁၃

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၁-၉-၂၀၁၇) ရက်နေ့တွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Janet E.Jacksonအား အဆိုပါ ၀န်ကြီးရုံး၊ မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် UNFPA ဌာနေကိုယ်စားလှယ်က ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာမှုအကူအညီပေးအပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းထားပါ ကြောင်း၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ရန်အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ လူငယ် များ၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုရန်ပုံငွေ (Peace Building Fund)ကို အဆိုပြုတင်ပြမည်ဖြစ်ရာ ၀န်ကြီးဌာနက အတည်ပြုပေးစေလိုပါကြောင်း၊ ရခိုင် ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာ တွင် သတင်းနှင့်နည်းပညာ၊ဘာသာစကားနှင့် ဆက်သွယ်ရေးကျွမ်းကျင်သော လူငယ်များ ပေါ်ထွန်းလာရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လက်ရှိရခိုင်ပြည်နယ်တွင် ၀န်ကြီးဌာနက လူသားချင်းစာနာမှုအကူ အညီပေးရေးဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ကုန်မြို့တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကျင်းပမည့် အစီအစဉ်များ၊ UNFPA၏ ငြိမ်းချမ်းရေးတည်ဆောက်မှု ရန်ပုံငွေအဆိုပြု လွှာကို အတည်ပြုရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။                                 

ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ကြောင့် ခေတ္တနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲကို(၁၂.၉.၂၀၁၇)ရက်နေ့၊ညနေပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပ ပြုလုပ်ရာပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်တို့က လှူဒါန်းငွေကျပ် (၁၄၁၆၃၀၀၀ိ/-)ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပေးအပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter

နောက်ဆုံးရသတင်းများ