ရပ်ရွာအခြေပြု မူကြိုကျောင်းကြီးကြပ်မှု ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး၊ ၁၈.၉.၂၀၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းများမှ မူကြိုကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၆.၉.၂၀၁၇) ရက်နေ့တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ တိုင်းရင်းသားနှစ်ချင်းအသင်းတော်၌ ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ဦးဆောင်ဆွေးနွေးကာ မူကြိုကျောင်းပေါင်း (၂၀)မှ ကြီးကြပ်မှုကော်မတီဝင် (၅၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။