သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့လေ့လာရေးလာရောက်ခြင်း
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊စက်တင်ဘာ ၂၂
လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့သို့ရန်ကုန်သူနာပြုတက္ကသိုလ်(စိတ်ကျန်းမာရေးဘာသာ) တတိယနှစ်ကျောင်းသူများမှ(၂၁.၉.၂၀၁၇)ရက်နေ့၌လေ့လာရေးလာရောက်ခဲ့ကြရာဌာနလုပ်ငန်းဆောင်ရွက်ချက်များအားတာဝန်ရှိသူများမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြပါသည်။ထို့နောက်လေ့လာ ရေးလာရောက်ကြသောကျောင်းသူများမှဘိုးဘွား များအားကြည့်ရှုအားပေးခဲ့ကြပါသည်။