UEHRD စီမံကိန်းတွင်ပါဝင်သော လူငယ်များအတွက် အသက်အာမခံလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်၊၂၀၁၇၊နိုဝင်ဘာ၁၄
UEHRD စီမံကိန်းတွင်ပါဝင်သော လူငယ်များအတွက် အသက်အာမခံလုပ်ငန်းများကို နိုင်ငံ တော်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စပ်လျဉ်းသော ညှိနှိုင်းဆွးနွေးပွဲကို (၁၂.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက ရန်ကုန်မြို့၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတွင် ဆွေနွေးကြရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ ၊ Global World Insurance မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ယခုအခါရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ လုပ်ငန်းများဆောင်ရွက်ရာတွင်ပါဝင်ဆောင်ရွက်လျက်ရှိသောစေတနာ့ဝန်ထမ်းလူငယ်များအတွက်အသက်အာမခံလုပ်ငန်းစဉ်များကိုစီစဉ်ဆောင် ရွက်ပေးပြီးဖြစ်ရာဆက်လက်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မြစ်ကြီးနားမြို့မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းသို့ရောက်ရှိကြပြီးမြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းများ(၁၉၉၉-၂၀၁၄)နှင့်ထပ်တိုးချဲ့ ကာလ (၅)နှစ်စီမံကိန်း (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော်ရေးအတွက် အထောက်အကူဖြစ်စေရန် ဆေးစွဲလူငယ်များဆေးဖြတ်ပြီးပြန်လည်ထူထောင်ပေးခြင်းနှင့် မူးယစ်ဆေးသံသရာသို့ ပြန်လည်မရောက်စေရေး နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မူးယစ်းဆေး ဖြတ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်သူများသိရှိလာပြီး နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်နိုင်သည်အထိ စည်းရုံးဆောင်ရွက်နိုင်စေရန် အတွက်မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်အိမ်တွင်းမှုသက်ေမွးလုပ်ငန်းပညာသင်ကျောင်း အစည်းအဝေးခန်းမတွင် Htoi Gender Development Foundation (ထွယ်ဖောင်ဒေးရှင်း)နှင့် Kachin State Women Network မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကချင်ပြည်နယ် အတွင်းရှိအမျိုးသမီးများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရေး၊ အမျိုးသမီးများ၏လုံခြုံရေးနှင့်အခွင့်အရေး ရရှိရေး၊ IDP စခန်းများမှ အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဒေသတွင်းအမျိုး သမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲများသို့ဒုတိယဝန်ကြီးဦးစိုးအောင်၊ကချင်ပြည်နယ်အစိုးရအဖွဲ့၊လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။