မူကြိုကျောင်းပေါင်းစုံကာယစွမ်းရည်ပြိုင်ပွဲကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇     

          လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးလူမှုဝန်ထမ်းရုံး မှကြီးမှူး ကျင်းပ သော(၁၀၃)နှစ်ပြည့်ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့်ကလေးများနေ့အကြိုလှုပ်ရှားမှုအဖြစ်ရန်ကုန်တိုင်းဒေသကြီးမူကြိုကျောင်းပေါင်းစုံကာယစွမ်းရည်ပြိုင်ပွဲအား(၂.၂.၂၀၁၈) ရက်နေ့ကျင်းပပြုလုပ်ခဲ့ပါသည်။ယင်းပြိုင်ပွဲတွင်ရန်ကုန် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးဒေါက်တာကေသီကျော်၊ဒုတိယညွှန်ကြား ရေးမှူးဒေါ်နန္ဒာနွယ်ဟန်၊ဗဟန်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဥိးစီးဌာန၊ဒုဦးစီးမှူးဦးရန်နိုင်ငြိမ်းတို့မှဖဲကြိုးဖြတ်၍ပြိုင်ပွဲအခမ်းအနားအားဖွင့်လှစ်ခဲ့ ပါသည်။ပြိုင်ပွဲသို့အစိုးရမူလတန်းကြိုကျောင်း(၃၀)ကျောင်းနှင့်ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း(၃)ကျောင်း၊စုစုပေါင်း(၃၃)ကျောင်းမှကလေးငယ် (၆၄၃)ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ