သုံးမွှာပူးမွေးဖွားသောမိသားစုအား ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ၂၀၁၈၊မေလ ၉ရက်

၂၀၁၈ခုနှစ်၊ မေလ(၈)ရက်နေ၊့ညနေ(၃း၀၀)နာရီအချိန်တွင်ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်၊လိပ်ကျွန်းကျေးရွာ၌အဖဦးထွန်းထွန်းလင်းနှင့်ဒေါ်နီလာနွယ်တို့ မှ သုံးမွှာပူးမွေးဖွား ခဲ့သောကလေးမိသားစုများကိုလူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့သည့်၅၀၀၀၀၀ိ/-(ကျပ်ငါးသိန်း)နှင့်ဖျာပုံခရိုင်ရှိဌာနဆိုင်ရာများ ၏ စုပေါင်းလှူဒါန်းငွေ ၁၀၁၀၀၀ိ/-(ကျပ်တစ်သိန်းတစ်ထောင်) စုစုပေါင်း ၆၀၁၀၀၀ိ/-(ကျပ် ခြောက်သိန်းတစ်ထောင်)အား ဖျာပုံခရိုင် လူမှုဝန်ထမ်း ရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ပါသည်။ (၁၃.၃.၂၀၁၈) ရက် နေ့ တွင်လည်း ဖျာပုံမြို့ မှ စေတနာရှင်လုပ်ငန်းရှင်များ/ မြို့ မိမြို့ ဖများ/ INGOs များကလည်း စုပေါင်း၍ ၃၉၀၀၀၀ိ/-(ကျပ်သုံး သိန်းကိုးသောင်း) နှင့် နို့ မှုန့် များ လှူဒါန်းပေးအပ်ခဲ့ပါ သည်။
 

FacebookTwitter

နောက်ဆုံးရသတင်းများ