မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၁ရက်
(၁၈.၆.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်မိုးမောက်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သော မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပါသည်။မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင်(၁၅)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင်ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးလက်ထောက်ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကဗန်းမော်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ၂၀၁၇ ခုနှစ် လုပ်ငန်းဆာင်ရွက်ပြီးစီးမှု နှင့်ရှေ့လုပ်ငန်း စဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက်ကော်မတီဝင်များ၏မေးမြန်းချက်များကိုရှင်းလင်းဖြေဆိုပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနံနက်(၁၁း၀၀)နာရီတွင်အောင်မြင်စွာပြီးစီးခဲ့ပါသည်။