မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) ဆိုင်ရာ လုပ်ငန်းအစီအစဉ်များဖော်ဆောင်ရေး ၀န်ကြီးဌာနအဆင့် ညှိနှိုင်းဆွေးနွေး

သြဂုတ်လ၊ ၂၃၊ နေပြည်တော်။

         မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင်  မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှု၊ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော မဏ္ဍိုင်ကြီး(၃)ခုကို အခြေခံပြီး ရည်မှန်းချက် ပန်းတိုင် (၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရည်မှန်းချက်ပန်းတိုင် (၅)ရပ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ စီးပွားရေး တည်ငြိမ်အားကောင်းလာရေး၊ အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဦးဆောင် သည့်ဖွံ့ဖြိုးတိုးတက်ရေး၊ (၂၁)ရာစု လူမှုအသိုက်အ၀န်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် တည်တံ့ရေးတို့ဖြစ်ပါပြီး ထိုရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ၀န်ကြီးဌာန အသီးသီးက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

         ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ၀န်ကြီးဌာန အနေဖြင့် ရည်မှန်းချက် ပန်းတိုင်အလိုက် ဦးဆောင်ရမည့် အခန်းကဏ္ဍ၊ ဖြည့်ဆည်းပေးရမည့်အခန်း ကဏ္ဍနှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည့် အခန်းကဏ္ဍဟူ၍ တာဝန်ယူ အကောင်အထည် ဖော်ရမည်ကို မိမိတို့ဝန်ထမ်းတိုင်း သိရှိ သဘောပေါက်ထားရန်လိုကြောင်း၊ ၀န်ထမ်းအားလုံး ကိုလည်း အဆင့်ဆင့် ရှင်းလင်းထားရန်လိုကြောင်း၊ ဦးစီးဌာနများအလိုက် မဏ္ဍိုင်(၃)ရပ်၊ ရည်မှန်းချက် ပန်းတိုင်(၅)ရပ်နှင့် လုပ်ငန်းစဉ် (၂၅၀)တွင် ပါဝင်သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ် အစီစဉ်များ ထိရောက်စွာ ချမှတ်နိုင်မှသာ ပြည်သူများအကျိုးကို အပြည့်အ၀ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားကာ မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းစဉ်ဆိုင်ရာများကို တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ