ဒုတိယ၀န်ကြီး ဦးစိုးအောင်အား စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းဖိုရမ်(APF) မှလာရောက်တွေ့ဆုံ
နေပြည်တော်၊ ၁၃.၁၁.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်အား စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့၊ အာရှ-ပစိဖိတ်အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းဖိုရမ်(APF) သည် အဆိုပါဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ၀န်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ နေရပ်စွန့်ခွာသူများ၊ ရွှေ့ပြောင်းသွားလာသူ အလုပ်သမားများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြင်ဆင်ရေးဆွဲရာတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် နီးကပ်စွာဆောင်ရွက်နေမှုများ၊ ကော်မရှင်က သက်ဆိုင်ရာအမျိုးသားအဆင့်ကော်မတီများ တွင် အဖွဲ့ဝင်များအဖြစ်ပါဝင် ဆောင်ရွက်နေမှုများ၊ ၀န်ကြီးဌာနမှ ၀န်ထမ်းများအား လူ့အခွင့်အရေးနှင့်ပတ်သက်သည့် အသိပေးဆောင်ရွက်နေမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဆောင်ရွက်ပေးနေခြင်း၊ ၀န်ကြီးဌာနအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်နေမှုအခြေအနေများ၊ လူ့အခွင့်အရေးကော်မရှင်မှ အကြံပြုချက်များအား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။