ကရင်ပြည်နယ်အရပ်ဘက်လူမှု့အဖွဲ့အစည်းများ Forum တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ လုပ်ငန်းရပ်များဆွေးနွေးပြောကြားခြင်း

ဘားအံမြို့၊ ၂၀.၁၂.၂၀၁၈

(၂၀.၁၂.၂၀၁၈) ရက်နေ့တွင် ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်တွင် ကျင်းပသည့် ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ Forum တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ လူကုန်ကူးခံရသူများအား ကြိုဆိုလက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှု လုပ်ငန်းများ၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ မိုင်းဒဏ်ကြောင့် ထိခိုက်ခံစားရသူများအား ငွေကြေးထောက်ပံ့ပေးသည့် လုပ်ငန်း များအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ အဆိုပါ Forum သို့ အရပ်ဘက် လူမှု့အဖွဲ့အစည်း (၉၄)ဖွဲ့မှ လူဦးရေ(၁၆၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ