မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားအား မကွေးတိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

(၁၃.၂.၂၀၂၅)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသ ကြီးကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်း (၈)ကျောင်း၊ မင်းဘူးခရိုင်ကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်း(၁)ကျောင်း၊ သရက်ခရိုင်ကြီးကြပ်မှုအောက် ရှိ မူလတန်းကြိုကျောင်း (၃) ကျောင်းနှင့် ပခုက္ကူခရိုင်ကြီးကြပ်မှုအောက်ရှိ မူလတန်းကြိုကျောင်း (၂)ကျောင်း စုစုပေါင်း မူလတန်းကြိုကျောင်း (၁၄)ကျောင်းတို့ရှိ ကျောင်းခန်းမများ၌ “မြန်မာနိုင်ငံ ကလေးများနေ့” အခမ်းအနားအား ဝန်ထမ်းများ၊ ကျောင်းသားမိဘများ၊ ကလေးများမှ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

FacebookTwitter