နေပြည်တော်၊ ၂၀၁၇ ၊ဒီဇင်ဘာ ၂၇ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်ကလေးသူငယ်များ၏အာဟာရအညွှန်းကိန်းများမြင့်မားတိုးတက်လာစေရန်နှင့်ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်မြင့် မားသောအနာဂတ်မျိုးဆက်သစ် သားကောင်း ရတနာလေးများအားမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားလူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ပါMaternal and Child Cash Transfer Program ကိုမြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော စစ်တမ်း အချက်အလက်များအရ အဓိ ကဆောင်ရွက်ရန်လိုအပ်လျက် ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ် တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။