နေပြည်တော်၊နိုဝင်ဘာ ၁၀
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ဒုတိယ၀န်ကြီး H.E. Mr. Martin Bille Hermanဦးဆောင်သည့်အဖွဲ့ နှင့် မြန်မာ နိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E Mr. Pier Giorgio Aliberti တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် (၉.၁၀.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းတွင် သီးခြားစီလာရောက် တွေ့ဆုံပါသည်။