နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၁၆
ARSAအစွန်းရောက်အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုဖြစ်စဉ်များကြောင့်ဒုက္ခခံစားနေကြရသည့်ရခိုင်ပြည်နယ်ရှိပြည်သူများ၏အရေးပေါ် လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက်ဒေါက်တာကောင်းမြတ်ကွယ်လွန်ခြင်း(၆)နှစ်ပြည့်အဖြစ်လှူဒါန်းငွေကျပ်သိန်း(၂၀)အား လည်းကောင်း၊FutureGreenပရဟိတလူငယ်များအသင်းကလှူဒါန်းငွေကျပ်(၁၀)သိန်းကိုလည်းကောင်းအဆိုပါရုံးခွဲသို့(၁၄.၁၀.၂၀၁၇)ရက်နေ့ တွင်လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။