စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၇.၆.၂၀၁၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဥိးစီးဌာနနှင့် UNICEF (မြန်မာ), The Leprosy Mission (မြန်မာ)တို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်နှင့် အရာတော်မြို့နယ်များတွင် ဇွန်လ (၂၆)ရက်နေ့တွင် လည်းကောင်း၊ မုံရွာမြို့နယ်တွင် ဇွန်လ (၂၁)ရက်နေ့တွင် လည်းကောင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု တိုင်းတာစစ်ဆေးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းမိတ်ဆက်အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။