နေပြည်တော်၊ အောက်တိုဘာလ(၂၈) ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများဖိုရမ်သို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ အောက်တိုဘာ(၁၆)ရက်နေ့မှ (၁၈)ရက် နေ့ထိ လည်းကောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်းရှိ ကလေးသူငယ်အခွင့်အရေး များအတွက် ဒုတိယအကြိမ် အဆင့် မြင့်အရာရှိများ အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်သို့ အောက်တိုဘာ(၂၁)ရက်နေ့မှ (၂၅)ရက် နေ့ထိ လည်းကောင်းသွားရောက်ခဲ့ပါသည်။