၂၃.၆.၂၀၂၁၊ နေပြည်တော်    
    သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း)ဒုတိယအကြိမ်နှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များOnline ဖြင့် တက်ရောက်ခဲ့ကြပါသည်။

၂၃.၆.၂၀၂၁   မော်လမြိုင်မြို့
(၂၃.၆.၂၀၂၁)  ရက်နေ့၊ မွန်းလွဲ (၂ : ၀၀)  နာရီအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊  အမှတ်(၁)   မူလတန်းကြိုကျောင်းခန်းမ၌    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌    ကျင်းပပြုလုပ်ခဲ့သည့် (၄) လပတ်    လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များအား အရာထမ်း၊ အမှုထမ်းများအား သိရှိလိုက်နာ စေရေး ထပ်ဆင့်ရှင်းလင်းခြင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ 

နေပြည်တော်   ၂၂.၆.၂၀၂၁
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက်တွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ Online မှတက်ရောက်၍လည်းကောင်း ပုံစံ(၂)မျိုးပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ရှမ်းပြည်နယ်၊ တောင်ကြီး        ၂၂.၆.၂၀၂၁


    ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များအား လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား သိရှိလိုက်နာ စေရေး ထပ်ဆင့်ရှင်းလင်းခြင်းကို ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို (၁၇-၆-၂၀၂၁)ရက်နေ့တွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြီး တက်ရောက် လာသော ကော်မတီဝင်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်၍ မိမိတို့ လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များက

နေပြည်တော်၊ ၁၄.၆.၂၀၂၁     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄.၆.၂၀၂၁ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဖွဲ့စည်းပုံတွင် ဝန်ထမ်းအင်အား (၉၀၀၀)ကျော်ရှိသော်လည်း ခန့်အပ်ခွင့်ရသော ဝန်ထမ်းအင်အား(၃၀၀၀)ကျော်ဖြင့်သာ လုပ်ငန်းများကို အောင်မြင်စွာ  ဆောင်ရွက်နေခြင်းကြောင့် မိမိဝန်ထမ်းများကို ချီးကျူးပါကြောင်း၊

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးသည် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ နှင့် အထူးပညာရေး ကျောင်းများတွင် လိုက်နာရန်အတွက် လုံခြုံရေးစီမံချက် ရှင်းလင်းခြင်း၊ ထပ်ဆင့်ညွှန်ကြားခြင်းကို တောင်ကြီး မူလတန်းကြိုကျောင်းတွင် ပြုလုပ်ခဲ့သည်