နေပြည်တော် ၊ ၃.၁၀.၂၀၂၀ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ( ၂၀၂၀ - ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၂.၁၀.၂၀၂၀ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်၊ နယူးယောက်စံတော်ချိန် နံနက်(၉)နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည့်(၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံ(၂၅)နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့် အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ၁.၁၀.၂၀၂၀ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အဘိုးအဘွားများ၊ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
နေပြည်တော်၊ ၃၀.၉.၂၀၂၀ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အပေါ် ဦးစားပေးလုပ်ငန်းအစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၉.၉.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ ရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ကိစ္စများကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်း စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၉.၉.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများကို ဗိုလ်ချုပ်မောင်မောင်‌ဆွေ (ငြိမ်း) နှင့် ဇနီး ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လက်ခံခဲ့ပါသည်။
စက်တင်ဘာ၊ ၂၇၊ နေပြည်တော် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုစောင့်ရှောက်မှု ပေးခြင်း သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အားပေးစကားပြောကြားခဲ့ပါသည်။
စက်တင်ဘာလ ၂၄ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာ အစည်းအဝေးအား စက်တင်ဘာလ (၂၁) ရက်နေ့တွင်လည်းကောင်း၊ (၁၆) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား စက်တင်ဘာလ (၂၂) ရက်နေ့တွင်လည်းကောင်း၊ (၁၅) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး+(၃)နိုင်ငံများ ဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေး များအား စက်တင်ဘာလ (၂၄) ရက်နေ့တွင်လည်းကောင်း Virtual Conferencing ဖြင့် ကျင်းပ
စက်တင်ဘာလ၊ ၂၂ ၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး ခြင်းကို ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပါ သည်။
စက်တင်ဘာလ ၂၁ ရက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီ အဖွဲ့ဝင် လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း COVID-19 ဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များ ကို Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါသည်။