ဘားအံ ၊ ၁၈.၆.၂၀၂၀ နေရပ်ပြန်များ အများဆုံးပြန်လည်ဝင်ရောက်ကြသည့် မြဝတီနယ်စပ်ဂိတ်နှင့် ကရင်ပြည် နယ်ရှိ Quarantine Center များတွင် ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံ များတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန် ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်း တို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
မကွေး၊ ၁၆.၆.၂၀၂၀ COVID - 19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက်ကလေးများ၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၁၅.၆.၂၀၂၀ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နှစ်စဉ် ကျင်းပလျက်ရှိသော မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယခုနှစ်တွင် အွန်လိုင်းစနစ်ဖြင့် အခမ်းအနား စီစဉ်ကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်း (၁၁) ဖွဲ့၊ UN Women ၊ UNFPA Myanmar တို့၏ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် အကြို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ပဲခူး၊ ၁၄.၆.၂၀၂၀ COVID - 19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာ အဆောက်အအုံများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်း က သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
မန္တလေး၊ ၁၃.၆.၂၀၂၀ COVID - 19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည် များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center)များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၁၂.၆.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID-19 လုပ်ငန်းစဉ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကိစ္စကို ကမ္ဘာစားနပ်ရိက္ခာအဖွဲ့၊ UNICEF အဖွဲ့တို့နှင့် ယနေ့မွန်းလွဲပိုင်းတွင် video conference ဖြင့် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၁၂.၆.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Energize Myanmar အဖွဲ့အစည်း၏ Chairman Mr. William James Harkin ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၁၀.၆.၂၀၂၀ အာဆီယံလူမှုဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီးများအဆင့်online အထူးအစည်းအဝေး (Special Online Meeting of the ASEAN Minister Meeting on Social Welfare and Development (AMMSWD) ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၉.၆.၂၀၂၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့သည် ယနေ့ဘန်ကောက်စံတော်ချိန် (၉)နာရီခွဲမှ (၁၁)နာရီခွဲအတွင်း The United Nations Entity for Gender Equality and the Empowerment of Women (UNWOMEN) အဖွဲ့က ကျင်းပပြုလုပ်သည့် “Towards Gender-Responsive COVID-19 Recovery: Experiences from Asia and the Pacific” ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲ (Virtual Ministerial Roundtable) ကို တက်ရောက် ဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊ ၇.၆.၂၀၂၀ COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက် ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်း လွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များစတင်ပေးအပ်ခြင်း၊ တစ်ကိုယ်ရည် လုံခြုံရေး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ ပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။