နေပြည်တော်၊ ၂၈.၃.၂၀၂၀
Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များအား ရောဂါ ကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။