မန္တလေး၊ ဖေဖေါ်ဝါရီလ (၂၁) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့သို့ရောက်ရှိပြီး စံချိန်စံညွှန်းမှီ ဆောက်လုပ်ပြီးစီးသည့် မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဝန်ကြီးဌာန ဘတ်ဂျက်မှ (၁၀၉၅.၇၅) သိန်းကျပ်ဖြင့် ဆောက်လုပ်သည့် မြင်းခြံ စံပြမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်း၍ မူကြိုကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပါသည်။