ဟားခါး၊ ၂၁.၄.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘများ၊ မိသားစုဝင်းများနှင့် ယမန်နေ့မွန်းပွဲပိုင်းက မြို့တော်ခန်းမ၌တွေ့ဆုံပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။