သွေးလွန်တုပ်ကွေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း
နေပြည်တော်၊ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိအမှတ်(၁)မူလတန်းကြိုကျောင်း၊မန္တလေးမြို့တွင်(၁၂.၇.၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီ၌ သွေးလွန်တုပ်ကွေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲ သို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများမှအသိပညာပေးဟောပြောပြီးဆရာမများ၊ရင်သွေးငယ်များနှင့်အတူမိဘများလည်းတက်ရောက်ခဲ့ကြပါသည်။