ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ဧရာဝတီတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃.၂.၂၀၂၅ ရက်တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်အဖွဲ့ဥက္ကဌ၊ လူမှုရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ မှတ်ပုံတင်ကြေး၊ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ကြေးများအား ပြန်လည်သတ်မှတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူရေးများကို တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter