မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ(မော်လမြိုင်)
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အတွင်းရှိ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှုအောက်တွင် ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်းများတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားများကို (၁၃.၂.၂၀၂၅) ရက်နေ့တွင် ကျင်းပရာ သက်ဆိုင်ရာ မူလတန်းကြိုကျောင်းများအလိုက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပခြင်း၊ ကလေးများဖျော်ဖြေတင်ဆက်ခြင်းနှင့် ဆုချီးမြှင့်ခြင်းနှင့် ကလေးများအား မုန့်နှင့်အအေးများ ဝေဌခြင်းများ ဆောင်ရွက်ခဲ့ပါသည်။