မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပခြင်း
မန္တလေးမြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းတွင် ၁၃-၂-၂၀၂၅ ရက်၌ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားအား ကလေး ၃၃၅ ဦးဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ၍ ဆုများချီးမြှင့်ခြင်း ၊ မုန့်ထုပ်များဝေငှခြင်းနှင့် မောင်ဓူဝံ (၄)နှစ်ပြည့် မွေးနေ့အဖြစ် ကလေးများ အားလုံးကို နံနက်စာ ထမင်း၊ ဘူးသီးဟင်းရည် ငါးခြစ်ဆီပြန်ဟင်းတို့ဖြင့် အာဟာရဒါန ကျွေးမွေးခဲ့ပါသည်။