လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းနှင့် ဝန်ထမ်းများရုံးလုပ်ငန်း/ ဘတ်ဂျက်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

       လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် (၆.၆.၂၀၂၂) ရက်နေ့မှ (၁၇.၆.၂၀၂၂) ရက်နေ့အထိ တိုင်းဒေသကြီး/  ပြည်နယ် အသီးသီးမှသင်တန်းသား (၃၀) ဦး ဖြင့် ဖွင့်လှစ်ခဲ့သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းနှင့် ဝန်ထမ်းများရုံးလုပ်ငန်း/ ဘတ်ဂျက် သင်တန်းတို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇.၆.၂၀၂၂) ရက်နေ့ နေ့လယ် (၁:၀၀) နာရီတွင် Online/ In person ဖြင့် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနငယ်/ သင်တန်းကျောင်းမှ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပါသည်။

     အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်း/ ဘတ်ဂျက်မှ သင်တန်းသား/ သူများ ကိုယ်စား သင်တန်းသား/ သူတစ်ဦးတို့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။

FacebookTwitter