Virtual စနစ်ဖြင့် ကျင်းပသည့် ၂၁ ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ(ACW)နှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ပါဝင်တက်ရောက်ခြင်း
၂၂.၉.၂၀၂၂
လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ(ACW)အစည်းအဝေးအား စက်တင်ဘာလ (၂၀) ရက်နေ့တွင်လည်းကောင်း၊ (၁၄)ကြိမ်မြောက်အာဆီယံအမျိုးသမီးကော်မတီ(ACW)+၃ အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးအား စက်တင်ဘာလ (၂၁)ရက်နေ့တွင်လည်းကောင်း၊ (၂၅)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)အစည်းအဝေးများအား စက်တင်ဘာလ(၂၂)ရက်နေ့တွင်လည်းကောင်း Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ ACWC၏အမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ အာဆီယံအမျိုးသမီးကော်မတီ(ACW)၏ Focal Person ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးအား “Advancing the Implementation of International and Regional Frameworks on Elimination of Violence against Women” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ သဘာပတိအဖြစ် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစဉ်များ၊ ACWC Work Plan(2021-2025) နှင့် ACW Work Plan(2021-2025)အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းအခြေအနေများ၊ အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။