AICHR and ACWC Interface Meeting နှင့် 26th ACWC Meeting တို့သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌတို့မှ Virtual Conferencing ဖြင့် တက်ရောက်ခြင်း
အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AICHR Indonesia နှင့် ACWC Indonesia တို့မှ ကြီးမှူး၍ (၁.၃.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာကော်မရှင် (ACWC) တို့၏ စုံညီအစည်းအဝေး (AICHR and ACWC Interface Meeting) အားလည်းကောင်း၊ (၁.၃.၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းမှ (၂.၃.၂၀၂၃) ရက်နေ့အထိ (၂၆) ကြိမ်မြောက်အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး (26th ACWC Meeting) အား လည်းကောင်း Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံကလေးသူငယ်အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးကော်မရှင် (ACWC) ၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်များနှင့် အမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်များ၏ သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံဒေသဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ အာဆီယံဒေသဆိုင်ရာ ကလေး သူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ ASEAN Gender Mainstreaming Strategic Framework အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ACWC Work Plan (2021-2025) တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ ACWC Myanmar အနေဖြင့် ACWC Work Plan (2021-2025) တွင် အဆိုပြုစီမံကိန်းဖြစ်သည့် Capacity Building on Implementation of Regional Plan of Action for the Protection of Children from All Forms of Online Exploitation and Abuse (RPA COEA) စီမံကိန်းပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။