သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေများ အသိပညာပေးအစီအစဉ်
သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ/နည်းဥပဒေများ အသိပညာပေး အစီအစဉ်ကို ၉.၈.၂၀၂၄ ရက်နေ့တွင် ပုသိမ်မြို့နယ်မိုးကုတ်ကျေးရွာအုပ်စုသဲဖြူကျေးရွာ၌ ကျင်းပခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးက သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ/ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲ ၂၅ ရွာမှ သက်ကြီးရွယ်အိုများနှင့် ရပ်မိရပ်ဖများ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။