အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်လှစ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှကြီးမှူးပြီး အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို (၁၅.၈.၂၀၂၄) ရက်နေ့ မှ (၁၂.၉.၂၀၂၄) ရက်နေ့ထိ သင်တန်းသား(၃၀)ဦးဖြင့် မော်လမြိုင်မြို့၊ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၁.၈.၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၃ဝ) နာရီအချိန်တွင် ကျင်းပခဲ့ရာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းမွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် ဖော်ပြအပ်ပါသည်။