မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသော ကျောင်းသားများအားအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား (မန္တလေးလူငယ်သင်တန်းကျောင်း)
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မန္တလေးလူငယ်သင်တန်းကျောင်းတွင် လာရောက်ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၂၄-၆-၂၀၂၄ မှ ၂၃-၇-၂၀၂၄ ထိ)မှ သင်တန်းသား (၂၀)ဦးအနက် ထူးချွန်ကျောင်းသား(၉)ဦး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေးနည်းသင်တန်း (၂၆-၈-၂၀၂၄ မှ ၆-၉-၂၀၂၄ ထိ)မှ သင်တန်းသား(၂၀)ဦးအနက် ထူးချွန်ကျောင်းသား(၅)ဦး၊ စုစုပေါင်း (၁၄)ဦးတို့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ (၂၃-၉-၂၀၂၄ ရက်မှ ၂၉-၉-၂၀၂၄ ရက်ထိ) ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လက်အောက်ရှိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)၏ Electrician (Building) Level-1 အားအောင်မြင်ခဲ့ရာ သင်တန်းအောင်မြင်မှု အသိအမှတ်ပြုလက်မှတ်များအား (၂-၁-၂၀၂၅) ရက်တွင်ရရှိခဲ့သဖြင့် လက်မှတ်ပေးအပ်ပွဲအား မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ (၃-၁-၂၀၂၅)ရက်၊ နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား(၅၀)ဦး၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။