ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကလေးပြုစုရေးဌာန၌ ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ ထမနဲထိုးပွဲ
ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ၁၁.၂.၂၀၂၅ ရက်တွင် မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ပုသိမ်မြို့ ကလေးပြုစုရေးဌာန၌ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ပုသိမ်မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့် ပုသိမ်ကလေးပြုစုရေးဌာနတွင် လက်ခံပြုစုစောင့်ရှောက်ထားသော ကလေးများ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။