အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအလုပ်ရုံဆွေးနွေးပွဲ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (မန္တလေးတိုင်းဒေသကြီး)
မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၇. ၂. ၂၀၂၅ ရက်၊ နေ့လည် ၁၄း၀၀ နာရီတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်)တွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအရ ဝန်ထမ်းများစည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင် ရွက်နိုင်ရေး၊ ရုံးလုပ်ငန်းလက်စွဲပါ ညွှန်ကြားချက်များအရ ရုံးစာရေးသားရာတွင် ပြီးပြည့်စုံသော ရုံးလုပ်ငန်းဖြစ်စေရေးအတွက် သတ်မှတ်ထားရှိသော အဆင့် ( ၅ ) ဆင့်အညီ လုပ်ကိုင် ဆောင် ရွက်နိုင်ရေး၊ ဝန်ထမ်းများကိုယ်ရည် ကိုယ်သွေးတိုးတက်စေရေးအတွက် ဝန်ကြီးဌာနရည်ရွယ် ချက်များ၊ မူဝါဒများ၊ ဦးစီးဌာနရည်ရွယ်ချက်များ၊ မူဝါဒများနှင့်အညီ မိမိတို့ လုပ်ကိုင်ဆောင်ရွက် နေသော လုပ်ငန်းနယ်ပယ် အသီးသီးအလိုက် ကျွမ်းကျင်ပိုင်နိုင်စေရေး၊ ဘဏ္ဍာငွေများအား အနှုတ်အသုံးစရိတ်နည်းပါးစေရေးနှင့် ၇. ၃. ၂၀၂၅ ရက်နောက်ဆုံးထား၍ ပိုလျှံငွေ ပြန်လည် အပ်နှံနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ငွေထုတ်သူအရာရှိများအနေနှင့် လိုက်နာဆောင်ရွက် သွားရန် ညွှန်ကြားပြီး အစည်းအဝေးအား ညနေ ၁ရး၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည် ။