ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုနှင့် သက်ငယ်မုဒိမ်းမှုကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း
မကွေးတိုင်းဒေသကြီး၊ ၂၆.၆.၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save the Children , Gurdian အဖွဲ့တို့ ပူးပေါင်း၍ ပခုက္ကူ မြို့အတွင်းရှိ ကျွန်းညိုကြီး ကျေးရွာ၊ ဆင်လန်းကျေးရွာ၊ ချိုင်ကျေးရွာ ပန်းတိုင်းခြုံကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်ဖြစ်သောအမှတ် (၁၁)ရပ်ကွက်တို့တွင် ၂၁.၆.၁၇ ရက်နေ့မှ ၂၃.၆.၁၇ ရက်နေ့ထိ ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုနှင့် သက်ငယ်မုဒိမ်းမှုကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။