ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး ၊ ကြီးကြပ်ရေး အဖွဲ့ အစည်းအဝေးကျင်းပခြင်း
နေပြည်တော်၊ ၂၈.၆.၂၀၁၇
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး ၊ ကြီးကြပ်ရေး အဖွဲ့၏ပထမအကြိမ်အစည်းအဝေးကိုပဲခူးမြို့ ၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးအစည်းအဝေး ခန်းမ၌ ၂၇.၆.၂၀၁၇ ရက်နေ့ နေ့လည်(၁၃:၀၀) နာရီချိန်၌ ကျင်းပခဲ့ရာကော်မတီဝင်များတက်ရောက်၍ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။