အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း

 

နေပြည်တော်၊ ၂၈.၆.၂၀၁၇

            လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ဖြစ်သည့် အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွား များကို ထောက်ပံ့ပေးအပ်ခြင်းများအား (၁၅.၆.၂၀၁၇) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းရှိ တောင်ကြီးမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး ဒေါက်တာသန်းမောင်နှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး လွိုင်လင်မြို့နယ်၊ ဖယ်ခုံမြို့ နယ်၊ လင်းခေးမြို့နယ်တို့တွင် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးတို့မှ တာဝန်ကျ ၀န်ထမ်းများက အိမ်တိုင်ရာရောက် အဘိုးအဘွားများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

FacebookTwitter