မိုင်းအန္တရာယ်အသိပညာပေးရေးအဖွဲ့ ညှိနိုင်းအစည်းအဝေးကျင်းပ
ကချင်ပြည်နယ်၊ ၂၉.၆.၂၀၁၇
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ City Park Royal အစည်းအဝေးခမ်းမ၌ ပြည်နယ်မိုင်းအန္တရာယ်အသိပညာပေးရေးအဖွဲ့ ညှိနိုင်းအစည်းအဝေးကို ၂၇-၆-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး Dr သင်းလွင် တက်ရောက် ချီးမြှင့်ခဲ့ပါကြောင်းနှင့် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ ဆက်စပ်ဌာနဆိုင်ရာများ ကြက်ခြေ နီတပ်ဖွဲ့ ဝင်များ UNICEF, INGO ,NGO များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင်လူမဝန်ထမ်းဦးစီးဌာန(နေပြည်တော်) မှဒုတိယညွန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းအဖွဲ့ဖွဲ့စည်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော လွှတ်တော်ကိုယ်စာလှယ်များ ပြည်နယ် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမူရေးအဖွဲ့အစည်းများက သတင်းနှင့်အချက်အလက် စီမံခန့်ခွဲခြင်း မိုင်းနှင့်ပတ်သက်သည့် ဖြစ်ရပ်များ ဖြစ်စဉ်များအား လေ့လာသုံးသပ်ခြင်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မူများနှင့် Form(ပုံစံ)အားလေ့လာသုံးသပ်ခြင်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများအားဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။