တောင်ကြီးမူလတန်းကြိုကျောင်း၏ မိဘအသိပညာပေးဆွေးနွေးပွဲပြုလုပ်
ရှမ်းပြည်နယ်၊ ၂၉.၆.၂၀၁၇
၂၉.၆.၂၀၁၇ရက်နေ့ မွန်းလွဲပိုင်း (၀၂း ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး လက်အောက်ရှိ တောင်ကြီးမူလတန်းကြိုကျောင်း၌ ကျင်းပပြု လုပ်သည့် မိဘအသိပညာပေးဆွေးနွေးပွဲကို ကျောင်းအုပ် ဒေါ်ဆွီခိဏ်းဟမ်မှ ဦးဆောင်၍ ကလေးဖွံ့ဖြိုးမှု(Child Development) နှင့် ပတ်သက်သည့်အကြောင်းအရာများဆွေးနွေးခြင်း ၊ ကလေး၏ ကူးပြောင်းစဉ်ကာလမိဘ များသတိပြုသင့်သည့်အချက်များကို တက်ရောက် လာကြသော မိဘများနှင့် အတူ အပြန်အလှန်ဆွးနွေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။